မိုင်းခတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်တိုးရရှိရေး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးစံပြကွက်ပန်းတိုင်ထွက်တိုးရရှိရေး မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ကျိုင်းတုံမြို့ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်တို့က အမှာစကားပြောကြားပြီး၊ မိုင်းခတ်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးယုမောင်က မျိုးစေ့နှင့်ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မျိုးစေ့ထုတ်(၁၀)ဧကနှင့် မိုးစပါးစံပြကွက်(၅)ဧက စိုက်ပျိုးသည့်တောင်သူများအား ယူရီးယားမြေဩဇာ(၁၅)အိတ်၊ ကွန်ပေါင်းမြေဩဇာ(၁၅)အိတ်၊ သဘာဝမြေဩဇာအိတ်(၆၀)၊ ရွှေရင်အေးစပါးမျိုးစေ့(၁၅၀)ကီလို၊ စပါးမျိုးစေ့ချကိရိယာ၊ အစေ့ထုတ်ပြောင်း၊ မြေပဲနှင့်ပဲပုပ်မျိုးစေ့ချကိရိယာတို့ကို သက်ဆိုင်ရာတာဝန်ရှိသူတို့ကပေးအပ်ရာ တောင်သူတစ်ဦးကကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)