မော်လမြိုင်ကျွန်း ဇူလိုင် ၁၆
လပွတ္တာခရိုင် ၊မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်(၁၉) ရောဂါ ပိုးတွေ့ အတည်ပြုလူနာ(၁၈)ဦး ထပ်မံ တွေ့ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်တွင်ယနေ့ နံနက် ပိုင်းအချိန်ထိပိုးတွေ့ အတည်ပြုလူနာ (၁၅၃)ဦး ရှိပြီး ဆေးရုံဆင်း(၉)ဦး၊ သေဆုံး (၆)ဦး ရှိပြီဖြစ်သည်။ သေဆုံးသူများမှာ အသက်အရွယ်ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများ ဖြစ်သည်။ ကုသဆဲ လူနာ(၁၃၈)ဦး အားမြို့နယ် ကုတင်(၁၀၀) ဆေးရုံကြီးနှင့်ကုတင်(၅၀) ဆေးရုံတိုတွင် ကျန်းမာရေးစောင့်ရှောက်မှု့ ပေးထားပြီး ကျန်းမာရေးကောင်းမွန် လျက်ရှိသည်။
မြို့နယ်တွင် ပိုးတွေ့ အတည်ပြုလူနာ များကုသ စောင့်ရှောက် မှု့ပေး ရာတွင် အောက်ဆီဂျင် ပြတ်လပ်မှု့ မရှိစေရေး ၊ လိုအပ်သည့် လူနာ များအား အခက်အခဲ မရှိအောက်ဆီဂျင် သုံးစွဲနိုင်ရေး အတွက် Oxygen Plant အစီအစဉ် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး ယခု့လအတွင်း ဆောင်ရွက် နိုင်ရေး စီစဥ်အကောင်အထည် ဖော်လျှက်ရှိ ကြောင်း မြို့နယ်
ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရှိသည်။
သီတာအောင်