ပွင့်ဖြူမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ ငွေပေးအပ်

ပွင့်ဖြူ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစု ကျေးရွာတို့မှ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၈)စုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်း၌ ကျင်းပ သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် က မိုးတွင်းကာလများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသည့်အတွက် မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးနှင့် မုန်းချောင်းဘေးတစ်လျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများအနေဖြင့် ကမ်းပြိုကျမှုအန္တရာယ်ကင်းဝေးရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ် ဆောင်ရွက်ထား ရှိရန် လိုအပ်ကြောင်း ၊ နယ်မြေအလိုက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာဌာနများသို့ အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့ကြစေလိုကြောင်း ၊ ယခု နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကိုလည်း အကျိုးရှိရှိ သုံးစွဲသွားကြစေ လိုကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ပေါက်ကုန်း ကျေးရွာအုပ်စု ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်စုကျေးရွာတို့မှ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ ရသည့် အိမ်ထောင်စု(၈)စုအား အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ နှုန်းနှင့် ကမ်းပြိုဘေးသင့်အိမ်ထောင်စုဝင် ၃၃ ဦးအတွက် စားနပ်ရိက္ခာ ဆန်ဖိုး ထောက်ပံ့ငွေကျပ် ၆၉၃၀၀ အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူခဲ့ကြကြောင်း သိရသည်။  


ရဲဝင်းနိုင် ( ညောင်ဦး )