ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၁)ဦးတွေ့ရှိ

ကျိုက်ဒုံ ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ နေ့လည်၁၁နာရီက အမှတ်(၅)ရပ် ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး ကိုယ်လက်ကိုက်ခဲဖျားနာခြင်း၊အနံ့မရရှိခြင်းတို့ကြောင့် ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံ တွင်(RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး (တွေ့ရှိ)ခဲ့ သဖြင့် တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိပြီး ဆေးဝါကုသမှုများ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့တွင်ကိုဗစ်-၁၉ ရောဂါ (positive)လူနာနှင့် ထိတွေ့ပတ်သက်မှုရှိခဲ့သော ကျား(၆)ဦး၊ မ(၉)ဦး စုစုပေါင်း (၁၅)တို့ အား ၄င်းတို့၏နေအိမ်အသီးသီးတွင် အသွားအလာကန့်သတ်ထားရှိပြီး မြို့အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများက ပိုးသတ်ဆေးရည်များ ဖြန်းပေးခဲ့ကြောင်းသိရသည်။

ကျိုက်ဒုံ (ပြန်/ဆက်)