မိုင်းပန် ဇူလိုင် ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၆) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ မိုင်းပန်မြို့မဈေးရှေ့၊ မွေတော်ဘုန်းတော်ကြီးကျောင်းရှေ့ နှင့် ရွှေကျောင်း ဘုန်းတော်ကြီးကျောင်းရှေ့စသည့် လူအသွားအလာများသည့် နေရာတို့တွင် ပြည်သူများ အနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း၊ လူစည်ကားသည့် နေရာများသို့ သွားလာ ရသည့် အခါတိုင်းတွင် Mask အား စနစ်တကျ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများအား အသိပညာပေးခဲ့ပြီး Mask များအား ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)