နမ္မတူ ဇူလိုင် ၁၈
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆော်ဩဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက နမ္မတူမြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် Stay at Home (၁၀)ရက် သတ်မှတ်ခြင်းခံရပါက ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေး တာဝန်သိစိတ်ဖြင့် အပြင်လုံးဝမထွက်ဘဲ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန်၊ ရပ်ကွက်နေ ဒေသခံပြည်သူများမှ Stay at Home ပြည်သူများအား လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ မိမိကိုယ်ကိုသံသယ လက္ခဏာ တစ်စုံတစ်ရာခံစားရပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် နီးစပ်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားရန်၊ ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များ၊ လိုက်နာရန်စည်းကမ်းများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် ပြည်သူသို့ အသိပေးပန်ကြားချက်အား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး နမ္မတူမြို့နယ် အတွင်း၌ လှည့်လည်ဆော်ဩ ဆောင်ရွက် ခဲ့ကြသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ(၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆၉)ဦး ရှိပြီဖြစ်ပြီး၊ (၁၃)ဦး ဆေးရုံဆင်းခွင့်ရရှိကာ၊ (၂)ဦးသေဆုံးခဲ့ပြီး၊ (၅၄)ဦးမှာ ပြည့်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသ လျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)