လေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံး အဆောက်အဦးများနှင့် စျေးဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်ထားရှိမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

လေရှီး ဇူလိုင် ၁၈

နာဂဒေသလေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံး အဆောက်အဦးများနှင့် စျေးဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်ထားရှိမှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီ ၄၅မိနစ် အချိန်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးချိန်၌ မိမိတို့ရုံးဌာနတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေရာစနစ်တကျ စီစဥ်ထားရှိမှု ရှိ/မရှိ၊ လက်သန့်ဆေး ဆပ်ပြာရေများ ထားရှိမှု ရှိ/မရှိ တို့ကို စစ်ဆေးပြီး အပြင်သို့ သွားလာပါက mask နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားရန်မှာကြာပြီး စျေးဆိုင်များတွင် ကိုဗစ်-၁၉ စည်းကမ်းအရ ဆိုင်တွင်းထိုင်၍ စားသောက်ခွင့်ကို ပိတ်ပင်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားသဖြင့် ၄င်းစည်းကမ်းများကို ရောင်းသူနှင့် ဝယ်သူတိုကြား လိုက်နာမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို စနစ်တကျ လိုက်နာကြရန် အသိပေး ဆောင်​ရွက်ခဲ့​​​ကြောင်း သိရသည်။

ဆိုင်းသား(ပြန်/ဆက်)