သံတွဲခရိုင် ပြည်သူ့ဆေးရုံတွင်Dual  Type Oxygen Plant မှ Oxygen ထုတ်လုပ်နိုင်တော့မည်

သံတွဲ ဇူလိုင်၂၃

သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ပေးအပ်လှူဒါန်းသည့် (Dual Type) Oxygen Plant စက်အား သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင်  တပ်ဆင်လျက်ရှိပြီး မကြာမီ Oxygen များ ထုတ်လုပ်​နိုင်တော့မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ Oxygen Plant စက်တပ်ဆင်ခြင်းကို ဇူလိုင် ၂၅ ရက်နေ့အပြီး ဆောင်ရွက် လျက်ရှိပြီး စက်တပ်ဆင်ပြီးပါက တစ်နေ့လျှင် အောက်စီဂျင် (40 Lit) အိုး (၂၄)လုံးကို ထုတ်လုပ်နိုင်မည် ဖြစ်ကာ ထုတ်လုပ်နေစဉ်ကာလအတွင်း လူနာ(၁၆)ဦးသို့ပါပိုက်ဖြင့် သုံစွဲ နိုင်မည်ဖြစ်ကြောင်း သိရသည်။

သံတွဲခရိုင်ဆေးရုံကြီးတွင် လက်ရှိ Oxygen သုံးစွဲမှုမှာ လူနာအနည်းအများပေါ်မူတည်၍ တစ်နေ့လျင်(၅၅)လုံးခန့် သုံးစွဲရလျက်ရှိပြီး လိုအပ်သော Oxygen များကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ စီစဉ်မှုဖြင့်လည်းကောင်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်လည်းကောင်း ၊ ပရဟိတအဖွဲ့များ၏ ကူညီလှူဒါန်းမှုဖြင့်လည်းကောင်း ဆောင်ရွက်နေပြီး ၊Oxygenလိုအပ်ချက များရှိပါက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်၍ရရှိနိုင်ကြောင်း သံတွဲခရိုင် ဆရာဝန်ကြီးထံမှ သိရသည်။

ထို့ပြင် သံတွဲမြို့နယ်တွင် Oxygen ရရှိရေးအတွက်  သိမ်ကုန်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၏ ဦးဆောင်လှူဒါန်းမှုဖြင့်လည်းကောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လှူဒါန်းငွေများဖြင့် လည်းကောင်း Oxygen စက်ရုံတည်ဆောက်လျက်ရှိပြီး ဩဂုတ်လအတွင်းပြီးစီးမည်ဖြစ်​ရာ အဆိုပါစက်ရုံတွင် စက်များတပ်ဆင်ပြီးစီးပါက Oxygen တစ်နေ့(40Lit) အိုး (၁၂၀)ခန့် ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်းလည်း  မြို့မိမြို့ဖတစ်ဦးထံမှ သိရသည်။ထို့ပြင်  သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် တွင်လည်း ပုဂ္ဂလိကအလှူရှင်တစ်ဦးမှ အောက်စီဂျင် စက်ရုံ ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။