မြင်းမူ ဇူလိုင်လ၂၃
ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာ ခံစားနေရသူများအတွက် ဆေးကုသမှု ခံယူရန် အရေးပေါ် လိုအပ်လျက်ရှိသည့် အောက်စီဂျင်စက်ရုံအား စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံဝင်း အတွင်း အဆောက်အဦး စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရှိရသည်။
အောက်စီဂျင်စက်ရုံအား ရွှေရတုတိပိဋကဓရဆရာတော်ဘဒ္ဒန္တဝံသာပါလာလက်ာရနှင့်တိပိဋက ဓရ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလက်ာရ ဆရာတော်နှစ်ပါးမှဦးဆောင်ကာ အနယ်နယ် အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအားထိုင်းနိုင်ငံမှ မှာယူတင်သွင်းမည်ဖြစ်ကြောင်း၊ အဆောက်အဦး၊ စက်ပစ္စည်းတန်ဖိုးနှင့် အခြားပစ္စည်းများဝယ်ယူရန်အတွက်ငွေကျပ်သိန်း(၁၀၀၀)ကျော်ကုန်ကျမည်ခန့်မှန်းထားကြေင်း ယခုအခါ စေတနာရှင်အများအပြားက ဆက်သွယ်လှူဒါန်းလျှက်ရှိကြောင်း၊ ရန်ပုံငွေရှာဖွေရေး အတွင်းရေးမှူး ဦးမျိုးလွင်ထံမှသိရှိရသည်။
ယခုတည်ဆောက်လျက်ရှိသည့် အဆောက်အဦးမှာ အလျှား(၉၀)ပေနှင့်အနံ(၄၅)ပေရှိပြီးစက်ရုံမှ အောက်စီဂျင်ထုတ်လုပ်နိုင်မှု စွမ်းအားမှာ (၁)ရက်လျှင်လီတာ(၄၀)ပါ အောက်စီဂျင်အိုးအလုံး (၈၀)ရှိကြောင်းနှင့် ကိုဗစ်ရောဂါကုသရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ