ရန်ကုန် ဇူလိုင်၂၃
မြဝတီနယ်စပ်မှတစ်ဆင့် ဝယ်ယူတင်သွင်းသည့် အောက်ဆီဂျင်အရည် တန်၂၀ သယ်ဆောင် လာသည့် မော်တော်ယာဉ်သည် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းဆေးရုံကြီးသို့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ရောက်ရှိသည်။
ရောက်ရှိလာသည့် Liquid Oxygenအရည်များကို သင်္ဃကျွန်းဆေးရုံကြီးရှိ ဖိအားမြင့် အောက်ဆီ ဂျင် သိုလှောင်ကန်အတွင်းသို့ ကျွမ်းကျင်သူနည်းပညာရှင်များက ဖြည့်သွင်းပေးကြသည်။
Liquid Oxygen ဖြည့်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးဇော်ဝင်း ၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ ဒေါ်သီတာလှ အနီးကပ်ကြည့်ရူ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
နိုင်ငံတော်မှ ရောဂါထိန်းချုပ်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ဇူလိုင် ၁၂ ရက်မှ ၂၁ ရက် အထိ မော်တော်ယာဉ် ၂၅၄ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် ၃၈၇ တန်၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) တန် ၁၇၀၊ အောက်ဆီဂျင် ဓာတ်ငွေ့ (အိုးဖြင့်) ၆၂ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၇၄ဝ၉ ခု၊ Test Kit ၁၃၄၅၀၀၊ နှာခေါင်း စည်း (Mask) တန် ၄၅၀ တင်သွင်းခွင့်ပြုခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်း များကိုအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ် ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး ဆက်စပ် ဝန်ကြီးဌာနများနှင့် ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရ သည်။
ဆန်းကျော်ဦး