သာယာဝတီ ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စျေးသည်များအသင်းမှ Mobile Market စျေးကားများ၊ သုံးဘီးယာဉ်များ၊ အနှေးယာဉ်ဆိုက္ကားများဖြင့် ယနေ့နံနက်ပိုင်းတွင် သာယာဝတီ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပြည်သူများ စားဝတ်နေရေး အဆင်ပြေချော့မွေ့စေရေး အတွက် မိမိတို့နေအိမ်ရှေ့တွင် အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန် လှည့်လည် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ယင်းသို့ စျေးရောင်းချခြင်းကို နံနက် ၆ နာရီမှ ၁၁နာရီအထိ သား၊ငါး၊ပုဇွန်၊ ဟင်းသီး ဟင်းရွက် နှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ Mobile Market ဖြင့် ဈေးရောင်းချရာတွင် သာယာဝတီမြို့နယ်အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ Stay at Home ကြေငြာထားပြီးဖြစ်ရာ ဈေးဝယ်ပြည်သူများမှ မိမိတို့နေအိမ်ရှေ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ၆ ပေအကွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိသည်။
အလားတူ မြို့နယ်အတွင်းရှိ ပရဟိတ အသင်းများကလည်း မိမိတို့၏ရန်ပုံငွေဖြင့် ရပ်ကွက် /ကျေးရွာများရှိ သက်ကြီး ဘိုးဘွားနေအိမ်များအား စားသောက်ကုန်ပစ္စည်းများ လိုက်လံလှူ ဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော်