နေပြည်တော် ဇူလိုင် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လှူဒါန်းပွဲတွင် ဦးစိုးသိန်း(သံအမတ်ကြီး-ငြိမ်း)နှင့် ဇနီးဒေါ်ခင်ဝင်းကြည်နှင့် သားသမီးများ ဖြစ်ကြသော ဦးသန်းနိုင်နှင့် ဒေါ်ဝါဝါမြင့် (TN-21 Co.,ltd နှင့် Family123 Co.,ltd) တို့မှ အလှူငွေကျပ်(၁၀)သိန်းနှင့် KF94 Mask(၁၅၀၀)ခု၊ Mask (၂၀၀၀)ခု၊ Hand Glove(၁၀၀၀)ခု၊ Hand Gel ဘူးကြီး(၂၀)ဘူး၊ Cookies၊ Jelly Juice၊ ခေါက်ဆွဲ၊ အာလူးကြော်(၄)ပုံးတို့အား လှူဒါန်းမှူကို ကုမ္ပဏီမှ တာဝန်ရှိသူများက လာရောက်ပေးအပ်လှူဒါန်းကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း