မိုင်းဖြတ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က ထေရဝါဒဗုဒ္ဓ သာသနာပြု (ဗဟို)ကျောင်းတိုက်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓ သာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇ ဦးနန္ဒောဘာသထံမှ ဧည့်ပရိတ် သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရား တော်ကို ချီးမြှင့်တော်မူခဲ့သည်။ ယင်းနောက် မဟာသဒ္ဒမ္မ ဇောတိကဓဇ ဦးနန္ဒောဘာသထံမှ ဝါတွင်း ကာလတွင်း မြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံး၍ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်အတွက် အနုမောဒနာတရား ဟောကြားတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား ဟောကြားတော်မူခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယခင်နှစ်များက မြို့နယ်အတွင်းရှိဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးများအား ပင့်ဆောင်၍ စုပေါင်းလှူဒါန်းလေ့ရှိပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် အခြေအနေကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် အလှန်းဝေးသည့် ဘုန်းကြီးကျောင်း စုစုပေါင်း ၅၄ကျောင်းကို မြို့နယ်ဂေါပကအဖွဲ့မှ သွားရောက်ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး