သတင်းများ

အုတ်ဖိုမြို့နယ်တွင်သက်ကြီးဘိုးဘွားများအားထောက်ပံ့ငွေပေးအပ်
Jan 24,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် အသက်(၁၀၀) နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား ထပ်ဆောင်း ထောက်ပံ့ငွေ ထောက်ပံ့ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း ဦးစီး ဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ်လျက်ရှိကြောင်းသိရသည်။
ကလေးမြို့တွင် လူမှုဖူလုံရေးအဖွဲ့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် လူမှုဖူလုံရေး- Royal City အထွေထွေရောဂါကုဆေးရုံဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 24,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အလုပ်သမား၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ပြင်ပလူနာများ ဝန်ဆောင်မှုဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက် ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် လူမှုဖူလုံရေး-Royal City အထွေထွေ ရောဂါကု ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံဝန်းအတွင်းတွင် ကျင်းပလျက် ရှိကြောင်းသိရသည်။
ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း (၂၂)ရွာတို့တွင် (VDP)စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်
Jan 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်စေသော ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP)လုပ်ငန်းများကို ကျေးရွာပေါင်း(၂၂)ရွာတို့တွင် အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ရာ အဆိုပါ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း နှင့် လုပ်ငန်းများ ရွေးချယ်ရာတွင် အကြံပြုဆွေးနွေးခြင်းများကို ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျေးရွာပေါင်း(၉)ရွာတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကောလင်းမြို့မဈေးအား ယာယီပိတ်သိမ်း
Jan 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မဈေးအား ဇန်နဝါရီ ၂၄ရက်နေ့မှ​ ဖေဖော်ဝါရီ ၆ ရက်နေအထိ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
မိုင်းယုမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား(ထပ်တိုး) အိမ်ထောင်စုများအား ထောက်ပံ့ကြေး ပေးအပ်
Jan 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး)အိမ်ထောင်စု များအား ထောက်ပံ့ကြေးပေး အပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းယုဒေသတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ (ထပ်တိုး)အိမ်ထောင်စုများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကော့ကရိတ်မြို့၌ မိုးလုံ​လေလုံအားကစားရုံဆောက်လုပ်ရန်ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jan 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ​ငွေလုံး​ငွေရင်း ခွင့်ပြုရန်ပုံ​ငွေဖြင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ်မြို့နယ်မှ မိုးလုံ​လေလုံအားကစားရုံ(၁၂၀​ပေ×၉၀​ပေ) တည်​ဆောက်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့​ကြောင်းသိရသည်။
ပုံပါကျင်မြို့၌နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာဆောင်ရွက်
Jan 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့အခြေခံပညာအထက်တန်းကျောင်း RCCနှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာစားများအား ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပင်စင်လစာ ထုတ်ပေး
Jan 24,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်လစာစားများအတွက် ပင်စင်များကို ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များနှင့် အညီ ထုတ်ပေးလျက်ရှိ‌ ကြောင်းသိရသည်။