ကော့ကရိတ်မြို့၌ မိုးလုံ​လေလုံအားကစားရုံဆောက်လုပ်ရန်ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ကော့ကရိတ် ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ​ငွေလုံး​ငွေရင်း ခွင့်ပြုရန်ပုံ​ငွေဖြင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ်မြို့နယ်မှ မိုးလုံ​လေလုံအားကစားရုံ(၁၂၀​ပေ×၉၀​ပေ) တည်​ဆောက်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့​ကြောင်းသိရသည်။

အဆိုပါပန္နက်တင်မင်္ဂလာအခမ်းအနားကို  ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ ကရင်ပြည်နယ် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကရင်ပြည်နယ် ပအိုဝ့်တိုင်းရင်းသား​​ရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြား​ရေးမှူးဦးစိုးနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်း အောင် ၊မြို့နယ်အုပ်ချုပ်​ရေးမှူးဦးဆန်းနု၊ မြို့နယ်စည်ပင် သာယာရေးဥက္ကဋ္ဌ ဦးဉာဏ်စိန်နှင့်တာဝန်ရှိသူများက လုပ်ငန်းတည်ဆောက် မည့် သတ်မှတ်နေရာအား ပန္နက်တိုင်ရိုက်ခြင်းနှင့် အမွေးနံသာများ ပက်ဖြန်းပေးခြင်းတို့ကို​ဆောင်ရွက်ခဲ့ကြသည်။    

အဆိုပါဆောက်လုပ်မည့်‌မိုးလုံ​လေလုံအားကစားရုံသည်(၁၂၀​ပေ×၉၀​ပေ’) steel structureBuildingဖြစ်ပြီး HTUT&FAMILY ကုမ္ပဏီက (၂၉၄၈.၂၂၀) ကျပ်သန်းဖြင့်အကာင်အထည်‌​ဖော်​ေဆာင်ရွက်သွားမည် ဖြစ်‌ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)