ပုံပါကျင် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့အခြေခံပညာအထက်တန်းကျောင်း RCCနှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မိုင်းတုံမြို့နယ် ပညာရေးမှူး ဒေါ်နော်မိုးမိုး၊ ပုံပါကျင်မြို့အုပ်ချုပ်မှူး ဦးစိုင်းအောင်ဆမ်နှင့် တာဝန်ရှိသူတို့က ပန္နက်တင်ပေးခဲ့ကြသည်။ အ ဆိုပါ RCC နှစ်ထပ်ကျောင်းဆောင် သစ်သည် (အလျား ၁၂၀ပေ x အနံ ၃၀ပေ)ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၂၁၄.၁၇၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် သီရိမိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလျာ(ပြန်/ဆက်)