သတင်းများ

ပျဉ်းမနားမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမအကြိမ် အရင်းအတိုး ပြန်လည် ထုတ်ချေးပေး
Jan 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ပြူတွင်းကျေးရွာမြစိမ်းရောင် စီမံကိန်း ပဉ္စမအကြိမ်အရင်းအတိုး ထုတ်ချေးခြင်းကို ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှုး ဦးဝင်း‌‌ဇော်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ပြူတွင်းကျေးရွာ ဓမ္မာရုံတွင် ပြန်လည်ထုတ်ချေးပေးသည်။
ရေဇွာမြို့၌ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ (နည်းဥပဒေ) များနှင့် ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးမှ အသိ ပညာပေးရှင်း လင်းဆွေးနွေး
Jan 23,2021
ချင်းပြည်နယ်၊ရေဇွာမြို့၌ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်မှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက်ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးဆိုင်ရာနည်းဥပဒေများအသိပညာပေးရှင်းလင်းပွဲနှင့်သင်တန်းပို့ချခြင်းအခမ်းအနားကိုယနေ့နံနက်၁၁နာရီကရေဇွာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 23,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့် အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာရေး များမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရဟန်းသံဃာတော်များအား နှာခေါင်းစည်း (Mask)များနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း
Jan 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အောင်မင်္ဂလာ ကျောင်းတိုက်နှင့် ထေရဝါဒသာသနာပြုကျောင်းရှိ ရဟန်းသံဃာတော်များအား နှာခေါင်းစည်း (Mask)အခုရေ (၂၀၀)စီနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လှူဒါန်းပေးအပ် သည်။
ဂန့်ဂေါမြို့နယ် အလှူတော်ကောက်ခံရေး ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်း
Jan 23,2021
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်ရန်ပုံငွေကို ဂန့်ဂေါမြို့နယ် အလှူတော်ကောက်ခံရေး ကော်မတီသို့ ထည့်ဝင်လှူဒါန်းလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် ဇနီး ဒေါ်ရီရီသန်း မိသားစုက ငွေကျပ် ၂ သိန်း၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်က ငွေကျပ် ၅ သိန်း၊ မြို့နယ်သမဝါယမ အသင်းစု လီမိတက် အမှုဆောင်ဒါရိုက်တာများနှင့် ဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေ ကျပ် ၁ သိန်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့က ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြသည်။
လက်ပံတန်း စိုက်ပျိုးရေးသုတေသနခြံမှ မိုးနှောင်းရာသီစိုက် သီးနှံစမ်းသပ်ကွက်များ သရုပ်ပြခြင်း ဆောင်ရွက်
Jan 23,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံမှ မိုးနှောင်းရာသီတွင် စိုက်ပျိုးသော သီးနှံစမ်းသပ်ကွက်များ သရုပ်ပြရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနခြံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေး၌ Stop COVID-19 အဝါရောင် Mask Compaign အသိပညာပေး လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jan 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေနံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်၊ မင်းရဲကျော်စွာလမ်းကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။