ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာစားများအား ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပင်စင်လစာ ထုတ်ပေး

ချီဖွေ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်လစာစားများအတွက် ပင်စင်များကို ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိ‌ ကြောင်းသိရသည်။

ထိုသို့ထုတ်ပေးရာတွင် ပင်စင်လစာ လာရောက်ထုတ်ယူသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် ‌ ခြောက်ပေအကွာနေရာထိုင်ခင်းများ စီမံထားခြင်း၊ လက်သန့် ဆေးရည်များထားခြင်းနှင့် ကိုယ်အပူချိန်များ တိုင်းတာပေးခြင်းကို ချီဖွေမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မှ စီမံဆောင်ရွက် ပေးသည်။

ပင်စင်ထုတ်ယူရာ၌ လူစုလူဝေးမဖြစ်စေရန် အတွက် ဇန်နဝါရီလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ နံနက် ၉နာရီ မှ ၁၁ နာရီ အထိ ချီဖွေမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ များမှ ပင်စင်စားများအား နေ့စဉ်ပုံမှန် ထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်း မရှိသော အငြိမ်းစားများအား ဖေဖော်ဝါရီလဆန်းတွင် ဘဏ်လုပ်ငန်းချိန် အတွင်း၌ ပင်စင်များကို ထုတ်ပေးမည် ဖြစ်ပြီး ချီဖွေမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၃၃၉) ဦး ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ ထိတွင် ပင်စင်စား (၁၁၇) ဦး လာရောက် ထုတ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)