မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေအတွက် သိန်း ၅၀၀ ပေးအပ်လှူဒါန်း
Jan 25,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ဝင်ထျန်းရိအုပ်စုကုမ္ပဏီနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအတွက် သိန်းငါးရာ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ကျင်းပခဲ့သည်။