မင်္ဂလာဒုံမြို့နယ်တွင် မီးလောင်ပြင်သို့အသွား ယာဉ်တိုက်မှုဖြင့် သေဆုံးသွားသော အရန်မီးသတ် တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးမိသားစုအား ကူညီထောက်ပံ့ငွေကျပ် (၈)သိန်းပေးအပ်

မင်္ဂလာဒုံ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ပိုင်းခရိုင်၊  မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘဝန်းအတွင်း၌ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်လွဲ ၂ နာရီ ၄၀ မိနစ်က မြက်ခြောက်မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်စဉ် ယာဉ်တိုက်မှုဖြင့် မင်္ဂလာဒုံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး (ရဲထွန်းဦး) သေဆုံးသွား၍ ကျန်ရစ်သူ မိသားစုအား တိုင်းဒေသကြီး အရန်မီးသတ် တပ်ဖွဲ့များ၏ သာရေး ၊ နာရေး လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒုတပ်ရင်းမှူး ဦးမြင့်ထူး ဦးဆောင်မှုဖြင့် မြို့နယ်တပ်ဖွဲ့များမှ စုပေါင်းကူညီ ထောက်ပံ့ ငွေကျပ်(၆)သိန်း၊ (ကတိသစ္စာ သတ္တိချန်နယ်) မိသားစုတို့က ကူညီထောက်ပံ့ငွေကျပ်(၂)သိန်းတို့ကို သေဆုံးသူ၏ မိသားစု နေထိုင်ရာ စမ်းကြီးဝရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က ပေးအပ်ခဲ့ သည်။

ကူညီထောက်ပံ့ငွေများကို မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ အရန်မီးသတ်တပ်ဖွဲ့များ စုပေါင်းကူညီ ထောက်ပံ့ ငွေနှင့် (ကတိသစ္စာသတ္တိချန်နယ်) မိသားစု ပရဟိတ ညီအကိုမောင်နှမများက ကူညီထောက်ပံ့ငွေ စုစုပေါင်း(၈) သိန်း ကျပ် တို့ကို ကျန်ရစ်သူ မိသားစုအား ပေးအပ်ခဲ့ကြောင်း သိရ သည်။

မျိုးသန့်(ပြန်/ဆက်)