ကန်ကြီးထောင့်မြို့နယ်တွင်ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ဖွဲ့စည်းခြင်းများအားကွင်းဆင်းဆောင်ရွက်

ကန်ကြီးထောင့်   ဇန်နဝါရီ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးအသစ်များ ခန့်ထားရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ တတိယပတ်မှ စတင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်း ထားသည့်ကြီးကြပ် ရေးအဖွဲ့ရွေးချယ်ရေးအဖွဲ့ (၉)ဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု များသို့ကွင်းဆင်း၍အများ ဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်သည့် ကြီးကြပ်ရေးမှူး (၅)ဦးပါအဖွဲ့များ ဖွဲ့စည်းပေးခြင်းကို စိစစ် ဆောင်ရွက်ပေးပြီး ကြီးကြပ်ရေး အဖွဲ့များ ရွေးချယ်ဖွဲ့စည်းခြင်းကို ဇန်နဝါရီလအတွင်း အပြီးဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။                                                                         ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက် (၇)ခုနှင့် ကျေးရွာအုပ်စု (၇၃)အုပ်စုရှိပြီး  အဆိုပါ အုပ်စု (၈၀)မှ ရွေးချယ်ဖွဲ့စည်းပြီးသော ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များကို အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ သင်တန်းပို့ချပေးခြင်းကို ဖေဖေါ်ဝါရီလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

နန်းထိုက်(ပြန်/ဆက်)