ညောင်ရွှေမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥဒေပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်း

ညောင်ရွှေ     ဇန်နဝါရီ     ၂၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ရှင်းလင်းခြင်းကို ယနေ့ နံနက်()နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အသစ်ပြန်လည် ရွေးချယ်တင်မြှောက်မည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက် များကို အသေးစိတ် ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရေးဝန်ထမ်းများအား ကြီးကြပ်ရေး အဖွဲ့များ ရွေးချယ်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အသိပညာပေး ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ