ရှမ်းရွာသစ် ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဝင်းခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၈၂၀၈၀၀၀/-) သိန်းဖြင့် အရှည် (၁၀၈၀)ပေ၊ အမြင့် (၅)ပေရှိ ကျောင်းဝင်းခြံစည်းရိုး ကာရန် ခြင်းကို လုပ်ငန်းတာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်း များနှောင့်နှေး ကြံ့ကြာမှုမရှိစေရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၎င်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ယခင်ကထက် ကျောင်းခြံစည်းရိုး တင့်တယ်ကောင်းမွန် လာပြီး အမြင်အားဖြင့်များစွာ လှပလာမည်ဖြစ်ကြောင်း သိရသည်။
ဝေဠု (ပြန်/ဆက်)