ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကွင်းဆင်းအသိပညာပေး

ဟိုပုံး       ဇန်နဝါရီ    ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များအား ထပ်ဆင့်အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် နာရီအချိန်တွင် ပေါင်လင်း ကျေးရွာအုပ်စု၊ ဟဲလုံ ဘုန်းတော်ကြီးကျောင်းတွင်  ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ထွေထွေအုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိများက ပေါင်လင်းကျေးရွာ အုပ်စု၊ ဟဲလုံဘုန်းတော်ကြီးကျောင်းတွင် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပါအကြောင်းအရာများ၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် စပ်လျဉ်းပြီး အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှုများကို  ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကွင်းဆင်းအသိပညာပေးခြင်းကို ဇန်နဝါရီ ၂၄ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့ပေါ် ()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂) အုပ်စုတွင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)