သတင်းများ

ထားဝယ်ခရိုင်အတွင်းရှိ မြို့များ၌နွေရာသီတွင် သောက်သုံးရေရှားပါးမှု ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိမြို့များ၌ နွေရာသီတွင် သောက်သုံးရေ ရှားပါးမှု ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ပင်လောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုများမှ ကြီးကြပ်မည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့သည်။
မိုင်းဖြတ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားရေးဆိုင်ရာ သိကောင်းစရာများနှင့် ဒေသအတွင်းမီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က မိုင်းဖြတ် ကျေးရွာအုပ်စု၊ ဆွပ်ပလောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့နယ် ကြာကန်ကျေးရွာတွင် လျှပ်စစ်မီးလင်း
Jan 26,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကြာကန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်  တိုင်းဒေသကြီးရန်ပုံငွေ(PFI) အစီအစဉ်ဖြင့် ကျေးရွာအတွင်းလမ်းမီးများ ဖွင့်လှစ်ခြင်းကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့ ညနေပိုင်း အချိန်က ပြုလုပ်ခဲ့သည်။
ပေါက်မြို့နယ်တွင် ရေနံစိမ်းတင် ကားတစ်စီးမီးလောင်မှုဖြစ်ပွား
Jan 25,2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုကျေးရွာ၊ရေနံလုပ်ငန်းခွင်တွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ရေနံစိမ်းပီပါများသယ် ဆောင်လာသည့် ၆ဘီးယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း သေဆုံးသွားကြောင်း မြို့နယ်မီးသတ်စခန်း ဒုဦးစီးမှူး ဦးဟိန်းသူထံမှ သိရသည်။
ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဗူးများ လှူဒါန်း
Jan 25,2021
ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာ ကျောင်းများ၊ မြို့ဝင် ပူးပေါင်း စစ်ဆေးရေးဂိတ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရှိခိုး ကျောင်းများသို့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများနှင့် လက်သန့်ဆေး ရည်ဗူးများ လိုက်လံလှူဒါန်းခြင်းကို ယနေ့က ဆောင်ရွက် ပေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်းကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 25,2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်းကောက်ယူနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်‌‌နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် ကျားမတန်းတူညီမျှ အခွင့်အရေးရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 25,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား/မတန်းတူ ညီမျှ အခွင့်အရေးရရှိရေး ညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၀) နာရီက နေပြည်တော်လူမှုဝန်ထမ်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။