ဖြူး ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ အလှူရှင်များက ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေလှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အလှူရှင်များမှာ ဦးမြင့်လွင်+ဒေါ်မြမြဝင်း သမီး ရှင်ဘုန်းသန့် (စိမ်းစိမ်းစိုစိုဆန်စက် မိသားစု)မှ ငွေကျပ် သိန်း ၁၀၀၊ အသောကံ ဇီဝိတဒါနကုသိုလ်တော်အသင်းကြီးမှ ငေွကျပ် ၁၁ သိန်း၊ ဦးကျော်စိုး+ဒေါ်မြမြလင်း မိသားစု(ပြည့်စုံကဖီး)မှ ငေွကျပ် ၁၀ သိန်း၊ ဦးမိုးစိန်နှင့် သူငယ်ချင်းများ ငေွကျပ် ၁၀ သိန်း၊ ဦးသန့်ဇင် (ဦးစီးအရာရှိ(မြို့ပြ)+ ဒေါ်ဥမ္မာကြည်မိသားစုမှ ငေွကျပ် ၁ သိန်း၊ ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံမိသားစုမှ ငေွကျပ် ၁ သိန်း၊ ကွယ်လွန်သူ ဆရာမကြီး ဒေါ်ရင်မြင့်နှင့် မောင် ဦးသိန်းမြင့်မှ ငေွကျပ် ၂ သိန်း၊ ဆရာမ ဒေါ်အေးမြင့်နှင့် ဆရာမဒေါ်ဌေးမြင့်မှ ငေွကျပ် ၂ သိန်း၊ ဦးကျော်ဝင်း+ဒေါ်ထားရီမိသားစုမှ ငေွကျပ် ၁ သိန်း၊ အ.ထ.က(၁) ဖြူးပညာရေးမိသားစုမှ ငေွကျပ် ၁ သိန်း၊ ဦးမြင့်သိန်း(မြို့နယ်ဦးစီးမှုး(လ.ဝ.က) မှ ငေွကျပ် ၅ သောင်း စုစုပေါင်း လှူဒါန်းငွေကျပ် ၁၃၉ သိန်း ၅ သောင်းကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်စိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးတို့က လက်ခံရယူခဲ့ သည်။
အဆိုပါ အလှူငွေများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်ပေးပို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
မနွယ်(ဖြူး)