အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် ကျားမတန်းတူညီမျှ အခွင့်အရေးရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ     ဇန်နဝါရီ    ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား/မတန်းတူ ညီမျှ အခွင့်အရေးရရှိရေး ညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၀) နာရီက နေပြည်တော်လူမှုဝန်ထမ်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေးနှင့် ကျားမတန်းတူညီမျှ အခွင့်အရေး ရရှိရေးအတွက် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များအား ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မန္တလာရောင်စဉ် (Women Empowerment & Gender Equality) အဖွဲ့မှ ဆရာမ ဒေါ်သက်သက်နွယ်က ပြည်သူလူထု အသိပညာပေး လုပ်ငန်းအနေနှင့် အမျိုးသမီးငယ်များ အကြမ်းဖက်ခံရမှု ကာကွယ်ရေးကို ကျောင်းအခြေပြု၊ ရပ်ရွာအခြေပြု ဆောင်ရွက်နိုင်ရေး၊ လိင်အကြမ်းဖက်ခံရသော အမျိုးသမီးငယ်များကို ထောက်ပံ့ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာသူ အမျိုးသမီးငယ်များကို နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ပန်းကြယ်သီးထိုးသင်တန်း ဖွင့်လှစ် ပေးခြင်း၊ စိတ်ခွန်အားပေးသည့် စကားဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။

အစည်းအဝေးသို့ ရင်ခွင့်မဲ့ကလေး လျှော့ချရေးနှင့် စွန့်ပစ်ကလေးသူငယ် စောင့်ရှောက်ရေးအသင်း၊ မြတ်ပါရမီ လူမှုကူညီရေး အသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)