မိုင်းဖြတ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး

မိုင်းဖြတ် ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားရေးဆိုင်ရာ သိကောင်းစရာများနှင့် ဒေသအတွင်းမီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က  မိုင်းဖြတ်  ကျေးရွာအုပ်စု၊ ဆွပ်ပလောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ခန့် ထားရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်စေရေး၊ ဒေသတွင်းမီးခိုးမြူငွေ့ ကင်းစင်ရေး အတွက် တောင်ယာလုပ်ကိုင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက်  မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်မျိုးက  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် လူကုန်ကူးမှု မဖြစ်ပွားစေရေး ရပ်ရွာနေပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး၊ မှုခင်းကျဆင်းရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။  

ဆက်လက်၍  မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က ဒေသခံပြည်သူများ အနေဖြင့် တောင်ယာ လုပ်ငန်းများလုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားရေး ရပ်မိရပ်ဖ()ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ဝင် ရွေးချယ်ရေး မြို့နယ်ကြီးကြပ်မှုကော်မတီ အဖွဲ့()မှ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်မျိုးနှင့် ကော်မတီဝင်များက ရပ်ကွက်(သို့မဟုတ်) ကျေးရွအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး (ပြန်/ဆက်)