မြန်အောင် ဇန်နဝါရီ ၂၅
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်းကောက်ယူနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်မှုအပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်(၁၈)နှစ် အထက် ဦးစားပေးအုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက ရှင်းလင်းဆွေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်းကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ်၊ မြန်အောင်