ပေါက် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုကျေးရွာ၊ရေနံလုပ်ငန်းခွင်တွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ရေနံစိမ်းပီပါများသယ်ဆောင်လာသည့် ၆ဘီးယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း သေဆုံးသွားကြောင်း မြို့နယ် မီးသတ်စခန်း ဒုဦးစီးမှူး ဦးဟိန်းသူထံမှ သိရသည်။
ဖြစ်စဉ်မှာ မီးလောင်မှုသတင်းရရှိသဖြင့် မြိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ရေသယ်ယာဉ်တစ်စီးနှင့် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့မှမီးသတ်ယာဉ်(၁)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီး သတ်တပ် ဖွဲ့ဝင် များဖြင့်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ရေနံစိမ်းပေပါ၂၀လုံး၊ ဟီးနိုးအမျိုးအစား၆ဘီးယာဉ်တစ်စီး၊အင်ဂျင်စက်အဟောင်းသုံးလုံး၊ဆီစုပ်ပန့် တစ်ခု ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်းမှာခန္ဒာကိုယ်အနှံ့မီးလောင်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုနှင့်ပတ်သက်၍ပေါက်မြို့နယ်၊ရေပြာရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)