သီးနှံကာကွယ်ရေးဆိုင်ရာ Online Virtual စနစ်ဖြင့် သင်တန်းဖွင့်

ဂန့်ဂေါ ဇန်နဝါရီ ၂၆

သီးနှံကာကွယ်ရေးဆိုင်ရာ Plantwise TOT သင်တန်းကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက Online Virtual စနစ်ဖြင့် ပြုလုပ် သည်။

သင်တန်းတွင် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်မြင့်နှင့် တိုင်းဒေသကြီးသီးနှံ ကာကွယ်ရေးဌာနခွဲမှ လက်ထောက်ဦးစီးမှူးဦးမျိုးမင်းဇော်တို့က သီးနှံပိုးမွှားရောဂါများ ကွင်းဆင်းလေ့လာခြင်း၊ ရှာဖွေ စစ်ဆေးခြင်းနှင့် သီးနှံစိုက်ခင်းတွင် တွေ့ကြုံရသည့် ပြဿနာအရင်းအမြစ်ကို စစ်ဆေးခွဲခြားပြီး တောင်သူများအား အကြံပြုကူညီနိုင်မည့် နည်းလမ်းများကို သင်ကြားပို့ချကြသည်။

သင်တန်းသို့ ပခုက္ကူခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့်နှင့် ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ သီးနှံ ကာကွယ်ရေးဌာနခွဲ ဝန်ထမ်းများ တက်ရောက်ကြပြီး  သင်တန်းကို သီးနှံစိုက်ခင်းများတွင် ပိုးမွှား‌ရောဂါ ကျရောက်မှုပြဿနာရပ်များနှင့်ပတ်သက်၍ တောင်သူများအား ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း