ဥတ္တရသီရိ ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု ၊ ပိုးစာတောကျေးရွာနှင့် မသိမ်ကျေးရွာရှိ ထပ်တိုးတင်ပြ ထားသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးနှင့်တာဝန်ရှိသူများက ထပ်တိုးအိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ပိုးစာတောကျေးရွာရှိ အိမ်ထောင်စု (၁၅၃)စုနှင့် မသိမ်ကျေးရွာရှိ အိမ်ထောင်စု (၅၈)စု စုစုပေါင်း အိမ်ထောင်စု (၂၁၁)စု တို့အတွက် ထောက်ပံ့ငွေကျပ် (၄၂၂၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၂၆၉)စု အတွက် ထောက်ပံ့ငွေကျပ် (၈၅၃၈၀၀၀၀)ရှိပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများကိုလည်း တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)