လမ်းမတော် ဇန်နဝါရီ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ရပ်ကွက်များအလိုက် ထပ်တိုး ထောက်ပံ့ငွေ ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်ထောင်စု(၃၀)စုတို့အတွက် တစ်အိမ် ထောင်လျှင် ငွေကျပ်(၄၀၀၀ဝ)နှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်မှ အခြေခံလူတန်းစား အချက်အလက်များနှင့်ကိုက်ညီသည့် အိမ်ထောင်စု များအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၄၀၀၀ဝိ/) ကျပ်စီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ လမ်းမတော်မြို့နယ်တွင် ရပ်ကွက်(၁၃)ရှိရာ လာရောက် လျှောက်ထားသူ အိမ်ထောင်စု (၂၅၅) စုအား စုစုပေါင်းငွေကျပ်(၁၀၂၀၀၀၀ဝိ/)ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်များ အလိုက် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ( ပြန်/ဆက်)