တံတား ဇန်နဝါရီ ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ်(၄၀၀၀ဝိ/)နှုန်းကို ကျန်ရှိသည့် ထပ်တိုး အိမ်ထောင်စု(၄၅၇)စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၈၂၈၀၀၀ဝိ/) အား အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း(တံတား)