ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့

ပင်လုံ ဇန်နဝါရီ  ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယမန်နေ့ညနေ၃နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၂)ရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၂၇)ဦး တို့အား ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်စာရေးတို့က လူမှုရေး ပင်စင်ရရှိသည့် အသက်(၈၅)နှစ်အထက် ဘိုးဘွား တို့အား တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ