နယ်စပ်​ရေးရာဝန်ကြီးဌာန၊ နယ်စပ်​ဒေသဖွံဖြိုး​ရေး (ပြည်​ထောင်စု) ရန်ပုံ​ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး

ဖား​ဆောင်း ဇန်နဝါရီ ၃၁

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် နယ်စပ်​ရေးရာဝန်ကြီးဌာန၊ နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်​​ထောင်စု) ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ စိစစ်ရေး​ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့် ​ကော်မတီဝင်များက ဇန်နဝါရီလ ၃၀ ရက်​နေ့က ကွင်းဆင်းစစ်​ဆေးကြည့်ရှုခဲ့​ကြောင်းသိရသည်။

မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများစိစစ်​ရေး​ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့် အဖွဲ့သည် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာ​ရေးနှစ်၊နယ်စပ်​​ရေးရာဝန်ကြီးဌာန၊ နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်​ထောင်စု)ရန်ပုံငွေဖြင့် ​ဇော်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ယူ​ဆောင်ရွက်သည့် ​မော်ချီး​ဒေသ လိုခါးလို​ကျေးရွာ၊​ ညောင်ပင်စခန်းရှိ ဘေလီတံတား(၅၀)​ပေ ချဉ်းကပ်လမ်းတည်​ဆောက်ခြင်းအတွက်(​ကျောက်​တောင်မိုင်းခွဲခြင်း၊​ မြေဖြတ်ထုတ်ခြင်း) ခွင့်ပြု ရန်ပုံငွေ (၁၄.၁၇၆) ကျပ်သန်းဖြင့် ​ဆောင်ရွက်​သည့် လုပ်ငန်းနှင့် ဖား​ဆောင်းမြို့နယ်၊ နယ်စပ်​ရေးရာဝန်ကြီးဌာန၊ ဖွံ့ဖြိုးမှုကြီးကြပ်​ရေးရုံး၊ ​မြေထိန်းနံရံနှင့် ခြံစည်းရိုးကာရံခြင်း(၁၀၀)​ပေ၊ ခွင့်ပြုရန်ပုံ​ငွေ(၁၆.၅၇၂) ကျပ်သန်းဖြင့် လုပ်ငန်း​ဆောင်ရွက်​နေမှုတို့ကို ကြည့်ရှုစစ်​ဆေးပြီး လိုအပ်သည်များ​ပေါင်းစပ် ညှိနှိုင်း​ပေးပြီး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်​အညီဆောင်ရွက်​ရေး၊ သတ်မှတ်ကာလတွင်း ပြီးစီး​အောင်​ဆောင်ရွက်​ရေး လမ်းညွှန်မှာကြားခဲ့​ကြောင်းသိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)