ရေကြည် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ခွေးရူးရောဂါမဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါအန္တရာယ်ကင်းဝေးရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် (၉) နာရီတွင် ဆီဆုံကုန်းကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးရုံးတွင် ခွေးရူးရောဂါကြိုတင် ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ မြို့နယ်အတွင်း ခွေးရူးရောဂါ ပပျောက်ကင်းစင်ရေးစီမံချက်ဖြင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ကွင်းဆင်း ထိုးနှံပေးရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဒေါ်မိုးသူဇာနှင့် ဝန်ထမ်းများကအနီးကပ်ကြီးကြပ်၍ မြိုနယ်အတွင်း အကောင်ရေ(၃ဝ)ခန့်ကို အခမဲ့ထိုးပေးမည်ဖြစ်ပြီး ကျန် ကျေးရွာနှင့်မြို့ပေါ်ရပ်ကွက်များတွင်လည်းဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)