တောင်သာမြို့နယ်၌ ကွန်ကရစ်အုတ်လုပ်ငန်း တွင်ကျယ်စွာအသုံးပြုလာ
Feb 03,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ရပ်ကွက်များနှင့် ကျေးရွာများတွင် မြေအုတ်များအစား ဘိလပ်မြေဖြင့်ထုတ်လုပ်ထားသည့် လက်ရိုက်နှင့်စက်ရိုက်ကွန်ကရစ်အုတ်(ဗြုန်းအုတ်)များကိုအသုံးပြုမှုများလာသဖြင့် ကွန်ကရစ်အုတ်ထုတ်လုပ်သည့်လုပ်ငန်းများလည်းများပြားလာကာ တွင်ကျယ်စွာထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။