ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ၊ မဲကတောခီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဝန်း ခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ် ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဝန်း ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ (၂၂)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ပြီး ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်(၆၀) သိန်းဖြင့်  အရှည်၉၀၀)ပေနှင့်အမြင့်(၅)ပေရှိ ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်းကို လုပ်ငန်း တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်းများ နှောင့်နှေး ကြံ့ကြာမှု မရှိစေရေးအတွက် ကျေးရွာနေ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့်  အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း၊  ၎င်းလုပ်ငန်းရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးပါက ယခင်ကထက် ကျောင်း ခြံစည်းရိုး တင့်တယ်ကောင်းမွန်လာပြီး အမြင်အားဖြင့်များစွာလှပလာမည် ဖြစ်ကြောင်း လုပ်ငန်းတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)