ရှမ်းရွာသစ် ဖေဖော်ဝါရီ (၁)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ်အ တွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသရှိ အေးလင်းမြတ်ရှင်တိုက်ပွဲရှောင်စခန်းတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိ သူများတို့က ထောက်ပံ့ငွေပေးအပ်ရခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တိုက်ပွဲ ရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်(၂၁)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၁၃၇)ဦး စုစုပေါင်း(၁၅၈)ဦးတို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလ ပတ်အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၇၁၁၀၀၀၀/-)ကို လက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)