ရှမ်းရွာသစ် ဖေဖော်ဝါရီ (၃)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မဲသမူးကျေးရွာအုပ်စုတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုစာရေးနှင့် အုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ငွေပေးအပ်ရခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မဲသမူးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်(၆၃)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၁၇၁)ဦး စုစုပေါင်း(၂၃၄)ဦးတို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၉၉၄၅၀၀၀/-)ကို လက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)