သတင်းများ

နောင်အယ်ရေလွှဲဆည် (ကျောင်းချယ်) တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာ တူးဖော်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီး
Feb 05,2021
ကျေးလက်နေ တိုင်းရင်းသားတောင်သူများ၏ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျောင်းချယ်ကျေးရွာ၊ ဘန်းယဉ်ကျေးရွာ၊ နောင်အယ် ကျေးရွာ၊ တိကလိုင်ကျေးရွာနှင့် ဟိုတင့်ကျေးရွာတို့မှ အိမ်ခြေ(၅၃၀)၊ လူဦးရေ(၂၅၀၀)ဦးခန့်အတွက် လယ်မြေဧက (၁၅၀၀) အကျိုးပြုသည့် နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်)တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ TRC အဖွဲ့တို့ စာကြည့်တိုက် လုပ်ငန်း အတွေ့အကြုံများ မျှဝေခြင်း အွန်လိုင်းဆွေးနွေးပွဲကျင်းပ
Feb 04,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ဖြန့်ချိမှုအဖွဲ့ (TRC) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ စာကြည့်တိုက်များ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် စာကြည့်တိုက်တာဝန်ခံတစ်ဦး၏ လုပ်ငန်းအတွေ့အကြုံများအား မျှဝေခြင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
စေတုတ္တရာမြို့နယ် ငမကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၉၉) သန်းဖြင့် ကျေးရွာလျှပ်စစ် မီးလင်းရေး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Feb 04,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ (၂၂) ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ ငမကျေးရွာတွင် တိုင်း ဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၉၉) သန်းဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကျင်းပ
Feb 04,2021
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက် ၁၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ကောလင်း-မန္တလေး ရထားများ ပြန်လည်ပြေးဆွဲမည်ဖြစ်
Feb 04,2021
ကိုဗစ်ကာလ မြန်မာ့မီးရထားများယာယီရပ်နားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း လာခြင်းကြောင့် မီးရထားဖြင့် ခရီးသွားလာကြမည့်ခရီးသည်များ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ယနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲ့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ရှိ မီးရထား ဘူတာရုံမှ သိရသည်။
ချောက်မြို့နယ် “ပက် အပြည်ပြည်ဆိုင်ရာ အ​သေးစား​ငွေ​ရေး​ကြေး​ရေး ဝန်​ဆောင်မှု ရန်ပုံ​ငွေ အဖွဲ့အစည်း" မှ နိုင်ငံ​တော်ဗဟိုအဆင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးဝယ်ယူရန် အလှူ​ငွေလှူဒါန်း
Feb 04,2021
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနတွင် ​ချောက်မြို့နယ် “ပက် ပြည်ပြည်ဆိုင်ရာ အ​သေးစား​ငွေ​ရေး​ကြေး​ရေး ဝန်​ဆောင်မှုရန်ပုံ​ငွေအဖွဲ့အစည်း" မှ နိုင်ငံတော်ဗဟိုအဆင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဝယ်ယူရန် အလှူ​တော်​ငွေလှူ ဒါန်းမှု ပြုလုပ်ခဲ့​ သည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် (၁၉) ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း (၃၆၂၉) ဦး ထိရှိလာ
Feb 04,2021
မကွေးတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာသစ်(၁၉)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၆၂၉)ဦး အထိရှိလာကြောင်း သိရသည်။