ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center ဝင်ရောက်နေသူများမှ (၃၀)ဦးအား  ဒုတိယအကြိမ် Swab ယူစစ်ဆေးရာမှ အမျိုးသား(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center တွင် Quarantine ဝင်ရောက်နေသူ(၁၆၁)ဦးမှ ဒုတိယအကြိမ် Swab ယူစစ်ဆေးရန်ကျန်ရှိသူ(၃၀)ဦးတို့အား၊ ယမန်နေ့က  Swab နမူနာယူစစ် ဆေးရာမှ အမျိုးသား(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center တွင် Quarantine ဝင်ရောက်နေသူ(၁၆၁)ဦးမှ ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab ယူစစ်ဆေးရန်ကျန်ရှိသူ(၃၀)ဦးအား Swab နမူနာများယူ၍ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်နေသူ တစ် အိမ်တည်းနေ ညီအစ်ကို (၂)ဦးထမှ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ပိုးတွေ့လူနာ (၂)ဦးအား မြိုနယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ ၎င်းတို့နှင့်ထိတွေ့ဆက်စပ်ခဲ့သူများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး‌ပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)