သတင်းများ

ရွှေမိုင်းယောင်းသားတို့၏ရင်ထဲက မဟာ(သို့မဟုတ်)ထပ်လုံ
Feb 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာအနီး မဟိယင်္ဂဏတောင်ကုန်းပေါ်ရှိ ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်သည် မိုင်းယောင်းမြို့၏ အမြင့်မြတ်ဆုံးနှင့် ရှေးအကျဆုံး သမိုင်းဝင်စေတီတစ်ဆူ ဖြစ်ပြီး ဂေါတမမြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူနှင့် ဓာတ်တော်လေးဆူတို့ဖြင့် ဌာပနာထားသည့် စေတီတော်မြတ်ကြီးဖြစ်သည်။
မိုင်းယောင်းတွင် မိုင်းဖြတ်-မိုင်းယောင်းလမ်း ကတ္တရာလမ်းချဲ့ခင်းခြင်းဆောင်ရွက်
Feb 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းဖြတ်-မိုင်းယောင်းလမ်း မီတာ ၆၀၀ အရှည်၊ ၃ ဒသမ ၆၆ မီတာအကျယ်မှ ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ပင်းတယမြို့၌ အသက် ၆ လမှ ၅ နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေးမှု ရက်သတ္တပတ်လုပ်ငန်းများ ဆောင်ရွက်
Feb 02,2021
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက် ကျန်းမာရေးဦးစီးဌာန မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ အသက် ၆ လမှ ၅ နှစ် အောက်ကလေးငယ်များအား ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ပထမပတ်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအတည်ပြုလူနာတစ်ဦး သေဆုံး၊  သေဆုံးသူ ကိုးဦးထိ ရှိလာ
Feb 02,2021
                   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သေဆုံးကြောင်း မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းထံက သိရသည်။
ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာကျောင်းမှ Quarantine  ဝင်ရောက်နေသူများ၊ လူမှုကူညီရေးအသင်း(၂)သင်းနှင့်ရွှေဂူသီလရှင်ကျောင်းသို့  ထမင်းထုပ်များနှင့်ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း
Feb 02,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာကျောင်းမှ Quarantine ဝင်ရောက်နေသူများ၊ လူမှုကူညီရေးအသင်း (၂)သင်းနှင့် ရွှေဂူသီလရှင်ကျောင်းသို့ ငွေကျပ်(၁)သိန်း ငါးသောင်း တန်းဖိုးရှိ အာဟာရဖြစ် ကြက်သားထမင်းထုပ်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက ရွှေတောင်တန်းရိက္ခာပို့အဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရှိ ရသည်။
ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ် ဆေးထိုးနှံ
Feb 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၆)ဦးသေဆုံး
Feb 02,2021
ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာ မှတစ်ဆင့် အပူလွန်ကဲပြီး ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၍ လူ(၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း ဦးစီးဌာန၏ MCCT အစီအစဉ်အရ လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား ထောက်ပံ့ကြေးပေးအပ်
Feb 02,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ (Maternal and Child Cash Transfer-MCCT)အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အထိ ကလေးများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်ခန့်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။