မိုင်းပန်မြို့နယ်တွင် သမဝါယမ၏ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Feb 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများသမဝါယမဦးစီးဌာန ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများအကြောင်းကို သိရှိနိုင်စေရန် သမဝါယမ၏ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။