လားရှိုး ဖေဖော်ဝါရီ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးနှင့် လားရှိုးမြို့နယ် ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ၂၀၂၁ ခုနှစ် ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်ပွားစေရန် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လားရှိုးမြို့နယ်ကြက်ခြေနီအသင်း တို့သည် ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကို အသုံးပြုရာတွင် လိုက်နာရမည့် အချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)