အင်တော ဖေဖော်ဝါရီ ၄
ရှမ်းပြည်(တောင်ပိုင်း)၊ အင်တောမြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ အသက် ၆ လမှ ၅ နှစ် အောက်ကလေးငယ်များအား ဗီတာမင်အေများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးသန်းနှင့်ဝန်ထမ်းများက ဗီတာမင်အေဆေးများ တိုက်ကျွေးမှု ရက်သတ္တပတ်အဖြစ် ဖေဖော်ဝါရီလ ပထမပတ်တွင် အင်တောမြို့အတွင်းရှိ မြို့ပေါ် ရပ်ကွက်များမှ အမှတ်(၅)ရပ်ကွက်တွင် စုရပ်ထားရှိပြီး အသက် ၆ လမှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်ဆေးများတိုက်ကျွေးခဲ့ကြသည်။
ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများက ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ စုရပ်အသီးသီး၌ အသက် ၆ လမှ ၅ နှစ်အောက်အရွယ် ကလေးငယ်များ ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်(အင်တော)