သတင်းများ

မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ
Feb 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁)ကျင်းပ
Feb 15,2021
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း
Feb 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသော ဆွမ်းဆန်တော်များအား စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက လေးကျွန်းမြေအုဠ်ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖာပွန်မြို့၌ ကျင်းပ
Feb 12,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုစစ်ရေးပြအဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့် ကျဆုံးနေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ခဲ့ကြသည်။
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖာပွန်မြို့၌ ကျင်းပ
Feb 12,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုစစ်ရေးပြအဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့် ကျဆုံးနေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ခဲ့ကြသည်။
မြိတ်မြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ
Feb 12,2021
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့ နံနက်(၇)နာရီက ပုလဲရတနာခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ သည်။
၇၄ နှစ်မြောက် ပြည်ထောင်စုနေ အခမ်းအနား ကျင်းပ
Feb 12,2021
၇၄ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့ နံနက် ၇ နာရီက ပခုက္ကူမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
ကချင်ပြည်နယ်၌ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂) တည်ဆောက်ရေးလုပ်ငန်း စီမံကိန်း နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး
Feb 12,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)မှ ကချင်ပြည်နယ် အတွင်း တည်ဆောက်သွားမည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂)တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။