သတင်းများ

ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာကျောင်းမှ Quarantine  ဝင်ရောက်နေသူများ၊ လူမှုကူညီရေးအသင်း(၂)သင်းနှင့်ရွှေဂူသီလရှင်ကျောင်းသို့  ထမင်းထုပ်များနှင့်ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း
Feb 02,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာကျောင်းမှ Quarantine ဝင်ရောက်နေသူများ၊ လူမှုကူညီရေးအသင်း (၂)သင်းနှင့် ရွှေဂူသီလရှင်ကျောင်းသို့ ငွေကျပ်(၁)သိန်း ငါးသောင်း တန်းဖိုးရှိ အာဟာရဖြစ် ကြက်သားထမင်းထုပ်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက ရွှေတောင်တန်းရိက္ခာပို့အဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရှိ ရသည်။
ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ် ဆေးထိုးနှံ
Feb 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၆)ဦးသေဆုံး
Feb 02,2021
ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာ မှတစ်ဆင့် အပူလွန်ကဲပြီး ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၍ လူ(၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း ဦးစီးဌာန၏ MCCT အစီအစဉ်အရ လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား ထောက်ပံ့ကြေးပေးအပ်
Feb 02,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ (Maternal and Child Cash Transfer-MCCT)အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အထိ ကလေးများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်ခန့်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံဆင်း
Feb 02,2021
မော်လမြိုင်ကျွန်း မြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်(၁၆) ကုတင်ဆန့် တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ)မှ အတည်ပြု ပိုး‌တွေ့လူနာ(၅)ဦးသည် ဆေးကုသမှု့ခံယူပြီး ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံဆင်းခွင့်ရသည်။
ကရင်တိုင်းရင်းသားတို့၏ စပါးလိပ်ပြာခေါ်ပွဲ
Feb 02,2021
            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရှေးပဝေသဏီကတည်းက တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် အေးအတူပူအမျှ မှီတင်းနေထိုင်ကြပြီး လူမျိုးတစ်မျိုးစီတိုင်းတွင် ချစ်စဖွယ်ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အမွေအနှစ်များ၊ စာပေဘာသာစကားများနှင့် ကိုးကွယ်ယုံကြည်မှုများရှိကြကာ လွတ်လပ်အေးချမ်းစွာဖြင့် အတူယှဉ်တွဲ နေထိုင်လာကြသည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်ပြီဖြစ်သည်။
မိုင်းပန်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Feb 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၄၃)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်
Feb 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၄၃)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့မွန်းလွဲ (၂)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။