မိုင်းလား၊ အထူးဒေသ(၄) နမ့်ပန်းနယ်မြေတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် လုပ်သား ၂၀၉ ဦး နေရပ်ဒေသအသီအသီး ဆက်လက်ပို့ဆောင်

ကျိုင်းတုံ ဖေဖော်ဝါရီ

မိုင်းလား၊ အထူးဒေသ() နမ့်ပန်းနယ်မြေမှ အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် လုပ်သား ၂၀၉ ဦး သည်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ယမန်နေ့ ၁၁ နာရီခွဲခန့်က ရောက်ရှိခဲ့ရာ  တာဝန်ရှိသူများက နေရပ်ဒေသအသီးသီး အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေရပ်ပြန် လုပ်သားများသည် မိုင်းလား၊ အထူးဒေသ() နမ့်ပန်း နယ်မြေမှ မိုင်းယု-ကျိန်းယဲန်း တံတားမှ မိုင်းယုမြို့သို့ ဖေဖော်ဝါရီ ရက်က ဝင်ရောက်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအနက် မိုင်းယောင်းမြို့နယ်မှ ()ဦး၊ တာလေမြို့မှ ()ဦးအား တာဝန်ရှိသူများက ၎င်းတို့နေရပ်သို့ ပို့ဆောင်ပေးပြီး ကျန် ၂၀၄ ဦးသည် ကျိုင်းတုံမြို့သို့  ယမန်နေ့ ည ၁၁ နာရီခွဲခန့်က ရောက်ရှိခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းနှင့် တာဝန်ရှိသူများက လမ်းခရီးအဆင်ပြေ ချောမွေ့စေရေး မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာစသည့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးကြသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် ကျိုင်းတုံမြို့နယ်မှ ()ဦးအား အသွားအလာ ကန့်သတ်ထားရှိပြီး ကျန် ၉၇ ဦးအား မူလနေရပ်အသီးသီး  အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ မော်တော်ယာဉ်များ ဖြင့် တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)